အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန် ပယ်ဖျက်

အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန် ပယ်ဖျက်

ဝါရှင်တန်၊ မေ ၃၀ ။      ။ ဆယ်စုနှစ်ငါးစုကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှု အားပေး ထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

အမေရိကန်က ကျူးဘားကို ၁၉၈၂ ခုနှစ်က နာမည်ပျက်စာရင်း သွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရေး အဟန့်အတားဖြစ်ခဲ့သည့်အပြင် နိုင်ငံတကာ၏ အပယ်ခံလို ဖြစ်လာခဲ့သည်။

အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် ကျူးဘားက တောင်းဆို နေခဲ့သည်။ ကျူးဘားကို အကြမ်းဖက်မှု အားပေးသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်ပေးရေး ဧပြီလက သမ္မတအိုဘားမား ကကွန်ဂရက်သို့ အချိန် ၄၅ ရက်ပေးပြီးနောက် ယင်းသို့ ဆုံးဖြတ်ချက်ချရန် ဖြစ်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံများစာရင်းတွင် အီရန်၊ ဆူဒန်နှင့် ဆီးရီးယားတို့သာ ကျန်တော့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly