(ဝါရှင်တန်)။ ။ ယူကရိန်းအရေးနှင့် ပတ်သက်ကာ ရုရှနှင့် တင်းမာနေသည့်ကြားက လမည့်လအတွင်း ကျင်းပမည့် ဆွီဒင်နိုင်ငံက စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်က နျူကလီးယား ဗုံးကြဲလေယာဉ်များ စေလွှတ်ရန် ပြင်ဆင်လျက်ရှိနေသည်။
B-52 Stratofortress စစ်လေယာဉ်များ ဆွီဒင် ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဆွီဒင်ဗိုလ်ချုပ် ကားလ်အင်ဂယ်လ်ဘရိတ်ဆန်က ပြောသည်။
ယင်းလေယာဉ်များသည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်အခါ ဘဲလ်တစ်ပင်လယ်သို့ အမေရိကန်မှ မနားတမ်းပျံသန်းသွာမည် ဖြစ်သည်။
ယခုစစ်ရေး လေ့ကျင့်မှုသည် မတူညီသည့် စစ်ဆင်ရေးများ စွမ်းရည်ကို မြှင့်တင်ရန်ဖြစ်သော်လည်း နိုင်ငံရေးအရလုံခြုံမှုကိုလည်း ဖော်ဆောင်ခြင်းကို မပျက်စေရကြောင်း ကားလ်က ပြောခဲ့သည်။
"ရုရှရဲ့ အနှောင့်အယှက်ပေးမှုကတော့ သူတို့သဘောနဲ့ သူတို့ပဲလေ။ လုပ်ချင်လည်း သူတို့စိတ်နဲ့ သူတို့ လုပ်ကြတာပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောခဲ့သည်။
တစ်ချိန်းတည်းမှာပင် ဥရောပဒေသ အခြားနိုင်ငံများတွင် အမေရိကန်က စစ်ရေးလုပ်ဆောင်မှုများအဖြစ် စစ်လေယာဉ်များ များစွာ ဖြန့်ကြက်ထားလျက်ရှိသည်။
REF : Press TV