၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင် မိမိတို့နေရပ်နိုင်ငံကို စွန့်ခွာနေကြရသူ အရေအတွက် တစ်ရက်လျင် ၃၀,၀၀၀ ရှိဟုဆို

၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင် မိမိတို့နေရပ်နိုင်ငံကို စွန့်ခွာနေကြရသူ အရေအတွက် တစ်ရက်လျင် ၃၀,၀၀၀ ရှိဟုဆို

(ဂျနီဖာ)။ ။ မိမိတို့ နေရပ်နိုင်ငံများမှ စွန့်ခွာထွက်ပြေးနေကြရသည့် လူအရေအတွက်မှာ ယမန်နှစ် တစ်နှစ်တည်းတွင် တစ်ရက်လျှင် ၃၀,၀၀၀ ရှိပြီး၊ အစိုးရများကလည်း ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မဆိုစလောက်သာ အာရုံစိုက်မှုရှိသည်ဟု နော်ဝေ ဒုက္ခသည် ကောင်စီက ပြောကြားခဲ့သည်။

News 24 ၏ သတင်းတစ်ရပ်အရ စစ်ပွဲများနှင့် အကြမ်းဖက်မှုများကြောင့် ယမန်နှစ်က နေ့စဉ်နေ့တိုင်းလိုလိုတွင် အရေအတွက် ၃၀,၀၀၀ မျှသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များမှာ မိမိတို့နေရပ်နိုင်ငံများကို စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု အေဂျင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဂျန်အိဂျလင်းက ဂျနီဖာမှ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ နေရပ်မှ ဖယ်ရှားခံရသည့် စုစုပေါင်း အရေအတွက်မှာ စံချိန်တင် ၃၈ သန်းအထိ ၁၁ သန်း တိုးလာခဲ့သည်ဟု ဆိုသည်။

ထိုအရေအတွက်ထဲတွင် မိမိတို့နေရပ်နိုင်ငံများမှ ထွက်ခွာသွားပြေီး ပင်လယ်ရပ်ခြားတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသူများ မပါဝင်ပေ။ နေရပ်ကို စွန့်ခွာကြရသည့် လူ ၁၀ ဦးအနက် တစ်ယောက်တိုင်းမှာ အီရတ်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် နိုင်ဂျီးရီးယားတို့မှ ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly