အားပြင်းလေဆင်နှာမောင်း ဂျာမနီတိုက်ခတ်သဖြင့် ပျက်စီးမှုများဖြစ်ကာ လူတစ်ဦးသေဆုံး

အားပြင်းလေဆင်နှာမောင်း ဂျာမနီတိုက်ခတ်သဖြင့် ပျက်စီးမှုများဖြစ်ကာ လူတစ်ဦးသေဆုံး

(ဘာလင်)။ ။ ဂျာမနီနိုင်ငံမြောက်ပိုင်းတွင် ဖျက်ဆီးမှုအားပြင်းသည့် မုန်တိုင်းများကဲ့သို့ လေဆင်နှာမောင်း တိုက်ခတ်ရာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုများဖြစ်ပေါ်ပြီး လူတစ်ဦးလည်း သေဆုံးခဲ့သည်။

ဘတ်ဇောမြို့တွင် လေဆင်နှင်မောင်း ဝင်မွှေသွားခြင်းဖြစ်ရာ ယင်းလေဆင်နှာမောင်းက ကားများကို ပေ ၂၃၀ အမြင့်ထိ ဆွဲယူလွှဲပစ်ပြီး အဆောက်အအုံများလည်း ပျက်စီးခဲ့ရသည်။

ဟမ်ဘတ်မြို့တွင် ကားတွင်းရှိနေသည့် စုံတွဲတစ်တွဲ အပျက်အစီများ ကားနှင့်တိုက်မိရာမှ အသက် ၂၆ နှစ်ရှိ အမျိုးသားဖြစ်သူ သေဆုံးကာ အဖော်ဖြစ်သည့် ကိုယ်ဝန်သည် အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

သစ်ပင်များ လဲပြိုပိတ်ဆို့နေခြင်းကြောင့် ဟမ်ဘတ်နှင့် လူးဘတ်မြို့များသို့ အသွားအပြန် ရထားလိုင်းများလည်း ပိတ်ဆို့သွားခဲ့သည်။

လေဆင်နှာမောင်းတွင် လေအလျင်နှုန်းမှာ တစ်နာရီလျှင် ၁၁၉ ကီလိုမီတာရှိကြောင်း ဂျာမနီမီဒီယာများက ဖော်ပြသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly