သြဂုတ် ၂၇ရက်
- ရခိုင်တွင် COVID-19 ရောဂါပျံ့နှံ့မှုအတိုင်းအတာနှင့်ပုံစံကိုသိရှိနိုင်ရန် ကျပန်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမည်
- ကိုဗစ်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ AA ကိုတပ်မတော်ပြော
- ရန်ကုန်မြို့ မုဒိတာအိမ်ယာ(၂) တွင် နေထိုင်သူ ၁ ဦးကို Quarantine စင်တာသို့ ပို့ဆောင်
ရခိုင်ပြည်နယ်အတွင်း COVID-19ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများပြားလာသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအား Stay at home နေအိမ်မှာပဲနေကြရန် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၆ရက်နေ့တွင် ကြေညာသည်။
- ယနေ့မနက်တွေ့ရှိသည့် အတည်ပြုလူနာ ၇၀ဦးတွင် ၂လသားကလေး ပါဝင်
- စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးဝန်ထမ်း ၂၂ ဦး ထပ်မံရောက်ရှိ
- ရခိုင်ပြည်နယ်တွင် တစ်ပတ်အတွင်း COVID-19 ကူးစက်ခံရသူ ၈၂ဦးရှိ
ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှအပ ကျန်ပြည်သူများသည် မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန် ထုန်ပြန်ချက်တွင်ပါရှိသည်။
- ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် အစိုးရစရိတ်ဖြင့် စေတနာ့ဝန်ထမ်း ၁၅၀ ဦး ခေါ်ယူမည်
- မြောက်ဦးက စစ်ဘေးရှောင်စခန်းများကို အသွားအလာကန့်သတ်ထား
- နှာခေါင်းစည်း ဈေးနှုန်းအဆမတန်တင်ရောင်းနေသူများအား အရေးယူမည်
- ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၁၀ဦးအထိရှိလာ
ဆေးရုံ၊ ဆေးခန်းသွားရောက်သည့်အခါတွင် တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့သွားလာပါက နှာခေါင်းစည်း တပ်ရန်နှင့် တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများအား ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းဖွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန် ထုတ်ပြန်ကြေညာထားသည်။
- ရခိုင်ပြည်နယ်တွင် ၅ ရက်အတွင်း COVID-19 အတည်ပြုလူနာ ၄၅ ဦးရှိ
- စစ်တွေနှင့်မြောက်ဦး ကိုဗစ်-၁၉ လူနာ ၁၉ ဦးတွင် ကျန်းမာရေးဝန်ထမ်း ၂ ဦးပါဝင်နေ
- စစ်တွေမြို့တွင် COVID-19 စည်းကမ်းသတ်မှတ်ချက်များ တင်းကျပ်
ထိုအမိန့်ကြောငြာချက်သည် ယနေ့ သြဂုတ် ၂၇ရက် နံနက် ၈နာရီမှ စတင်မည်ဖြစ်ပြီး Stay at homeကာလကိုတော့ ထည့်သွင်းထားခြင်းမရှိပေ။ ယခင်ကရန်ကုန်နှင့်အခြားမြို့များအား Stay at home သတ်ချက်ရာမှာတော့ နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း ထိုအမိန့်အတည်ဖြစ်ခဲ့သည်။
- စစ်တွေမြို့တွင် ဘယ်ကကူးစက်မှန်းမသိသည့် COVID-19လူနာ ၄ ဦးရှိလာ
- စစ်တွေမြို့ရှိ CB Bank ဘဏ်ခွဲကို ၂ ရက်ပိတ်ထားမည်
ထုတ်ပြန်ထားသော ထိုအမိန့်နှင့် ညွှန်ကြားချက်များအား မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
- သံတွဲမှ ပြန်လာသူ ၂ ဦးကို COVIDရောဂါ သံသယဖြင့် ကွာရန်တင်းဝင်ရန် နေအိမ်သို့လာရောက်ခေါ်ဆောင်
- စစ်တွေတွင် ဈေးက ကိုဗစ်-၁၉ အဓိက ပြန့်ပွားသည့်နေရာဟု အာဏာပိုင်များသုံးသပ်
- ဆရာဝန်နှင့် သူနာပြု ၂၄ ဦး စစ်တွေသို့ ရောက်ရှိ
- စစ်တွေတွင် ယနေ့နံနက်ပိုင်း ပိုးတွေ့လူနာ ၁၆ ဦးထပ်တွေ့
- ရခိုင်ပြည်နယ်က ၅ မြို့နယ်ကို Stay at Home ကြေညာ
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း Stay at home နေထိုင်ကြသည့် ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများနှင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်အစိုးရက အပြည့်အဝဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ထုန်ပြန်ချက်အရသိရသည်။
ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိပြီး စစ်တွေမြို့ကိုတော့ ၂၀ ရက်နေ့တွင်၎င်း၊ တောင်ကုတ်၊ကျောက်ဖြူ၊အမ်းနှင့်သံတွဲ မြို့များကို သြဂုတ်လ ၂၅ ရက်နေ့ တွင် Stay at home အဖြစ် ကြောငြာခဲ့သည်။
ရခိုင်ပြည်နယ်က ဆေးရုံတွေရဲ့ လိုအပ်ချက်
မြန်မာနိုင်ငံတွင် သြဂုတ် ၂၇ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၅၈၆ဦးရှိပြီး ရခိုင်ပြည်နယ်မှာ ပို့တွေ့လူနာ ၁၈၀ ကျော်ရှိနေပြီဖြစ်သည်။ ရောဂါပိုးကင်းစင်သူ ၃၄၅ဦးရှိကာ သေဆုံးသူ ၆ဦးရှိသည်။