ကိုလံဘီယာ လေယာဉ်ပျက်မှုမှာ လူ ရ၁ ဦး သေဆုံးဟု အာဏာပိုင်များ ပြော

ကိုလံဘီယာ လေယာဉ်ပျက်မှုမှာ လူ ရ၁ ဦး သေဆုံးဟု အာဏာပိုင်များ ပြော
(ဓာတ်ပုံ - အီးပီအေ)

ကိုလံဘီယာနိုင်ငံ မက်ဒီလင်းမြို့ အနောက်မြောက်ပိုင်း လေဆိပ်အနီးမှာ ဘရာဇီးဘောလုံးကလပ် ရှာပါကွင်းစ်အသင်းရဲ့ စီးလုံးဌား လေယာဉ်ပျက်ကျသွားခဲ့ချိန်မှာ လူ ရ၁ ဦး (၇၅ ဦးမဟုတ်) သေဆုံးခဲ့တယ်လို့ အာဏာပိုင်များက အင်္ဂါနေ့က ပြောပါတယ်။

"ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ပါတယ်။"လို့ ကိုလံဘီယာ အရေးပေါ်-စီမံခန့်ခွဲမှု ဒါရိုက်တာ ကားလို့စ်အိုင်ဗင် မားကက်ဇ်က မက်ဒီလင်းရှိ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

"လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ရ၇ ဦးထဲက လူ ၆ ဦး ဒဏ်ရာရရှိပြီး ရ၁ ဦး သေဆုံးခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

ဗြိတိန်ထုတ် RJ85 ဂျက်လေယာဉ်ဟာ ခရီးသည် ၈၁ ဦး သယ်ဆောင်လာတယ်လို့ ကနဦးပိုင်းကအာဏာပိုင်တွေ ပြောဆိုပေမယ့် နောက်ပိုင်းမှာ ၄ ဦးမှာ ခရီးသည် စာရင်းမှာ မရှိကြောင်း သိခဲ့ရပါတယ်။

အဆိုပါလေယာဉ်ဟာ ရှာပါကွင်းစ်အသင်း ကစားသမားများ၊ အမှုဆောင်အရာရှိများ၊ နည်းပြများနှင့် အထူးဧည့်သည်များနှင့်အတူ တခြားဝန်ထမ်းများ၊ သတင်းထောက်များနှင့် လေယာဉ်ဝန်ထမ်း ၉ ဦးတို့ကို တင်ဆောင်လာတာဖြစ်ပါတယ်။

လေယာဉ်ဟာ လေဆိပ်မှ ကီလိုမီတာ ၁၇ (၁၀ မိုင်) ခန့်အကွာမှာ တနင်္လာနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်က ပျက်ကျခဲ့တာဖြစ်ပါတယ်။

ရှာပါကွင်းစ်အသင်းဟာ တောင်အမေရိကဖလား (ကိုပါအမေရိကဖလား) ဗိုလ်လုပွဲ ပထမအကျော့ အဝေးကွင်းပွဲအဖြစ် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် ကစားဖို့ ခရီးနှင်လာခဲ့ကြတာဖြစ်ပါတယ်။

ကိုလံဘီယာပြည်တွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီ Aerocivil အရ အသက်ရှင် ကျန်ရစ်သူတွေမှာ ကစားသမားတွေဖြစ်တဲ့ အလန် ရုရှယ်၊ ဂျက်ဆန် ဖော်မန်းနှင့် Helio Hermito Zampier Neto၊ လေယာဉ်ခရီးစဉ်လိုက်ပါလာသူ Ximena Suarez၊ လေယာဉ်စက်ပညာရှင် Erwin Tumiri နှင့် သတင်းထောက် Rafael Valmorbida တို့ဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်ရဲ့ black box နှစ်ခုစလုံးကို မချွတ်မယွင်းပဲ ပြန်လည်တွေ့ရှိခဲ့တယ်လို့ Aerocivil ရဲ့ အကြီးအကဲ Alfredo Bocanegra က အင်္ဂါနေ့မွန်းလွဲပိုင်းက ဆိုပါတယ်။

"လေယာဉ်မှူး အခန်းရှိ အသံနှင့် အသံဖမ်းစက်များဟာ "ကောင်းမွန်တဲ့ အခြေအနေမှာ"ရှိနေတယ်လို့ သူက တွစ်တာမှာ ရေးသားထားပါတယ်။

အဆိုပါ လေယာဉ်ပျက်မှုဟာ ရာသီဥတုဆိုးရွားတဲ့ အခြေအနေမှာ မတော်တဆမှုဖြစ်ပွားခဲ့ရတာလို့ ကိုလံဘီယာအရရှိတွေရဲ့ ပြောကြားချက်ကို CNN က ဖော်ပြထားပါတယ်။

©EFE_EPA

ဆက်စပ်သတင်းများ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly