ကိုလံဘီယာမှာ လေယာဉ် ပျက်ကျမှုမှ ပထမဦးဆုံး မသေဘဲ ကျန်ရစ်သူ ဘောလုံးသမား အလန် ရုရှယ်

ကိုလံဘီယာမှာ လေယာဉ် ပျက်ကျမှုမှ ပထမဦးဆုံး မသေဘဲ ကျန်ရစ်သူ ဘောလုံးသမား အလန် ရုရှယ်
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးဘောလုံးအသင်း တင်ဆောင်လာတဲ့ လေယာဉ် မက်ဒီလင်းအရပ်မှာ ပျက်ကျပြီးနောက် ကိုလံဘီယာရှိ La Ceja မှ ရောက်ရှိလာတဲ့ ဘရာဇီးကလပ် ဘောလုံးသမား အလန် ရုရှယ် ကို San Juan de Dios ရှိ ဆေးရုံဝန်ထမ်းများက သယ်ဆောင်လာတာကို နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။

အဆိုပါလေယာဉ်ဟာ ဘရာဇီးဘောလုံးကလပ် ရှာပါကွင်းစ်အသင်းအပါအဝင် ခရီးသည် ၈၁ ဦးကို ဘိုလီဗီးယားနိုင်ငံကနေ တင်ဆောင်လာပြီး ဟိုဆေးမာရီယာ ကော်ဒိုဘာလေဆိပ်သို့ ချဉ်းကပ်ခဲ့စဉ် မက်ဒီလင်းအပြင်ဘက် တောင်တန်းဒေသမှာ ပျက်ကျခဲ့ပြီးနောက် ဘောလုံးသမား အလန် ရုရှယ်ဟာ ပထမဦးဆုံး မသေဘဲ ကျန်ရစ်သူဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရတော့ လေယာဉ်ပျက်ကျပြီး  အပျက်အစီးတွေ ဆွဲထုတ်ရာကနေ အသက်ရှင်ကျန်ရစ်သူ ငါးဦးတွင် နောက်ခံလူ အလန် ရုရှယ်၊ ဂျက်ဆန် ဖော်မန်း၊ ဒန်နီလိုနှင့် ဘရာဇီးသတင်းထောက် တစ်ဦးတို့ အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

ရှာပါကွင်းစ်အသင်းဟာ တောင်အမေရိကဖလား (ကိုပါအမေရိကဖလား) ဗိုလ်လုပွဲ ပထမအကျော့ အဝေးကွင်းပွဲအဖြစ် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကစားဖို့ စီစဉ်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း - အီးပီအေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly