ဘရာဇီးကလပ်အသင်းတစ်သင်း လိုက်ပါလာသည့်လေယာဉ် ကိုလံဘီယာတွင်ပျောက်ဆုံး

ဘရာဇီးကလပ်အသင်းတစ်သင်း လိုက်ပါလာသည့်လေယာဉ် ကိုလံဘီယာတွင်ပျောက်ဆုံး

နိုဝင်ဘာ ၂၉၊ ကိုလံဘီယာ။           ။ ဘရာဇီးဘောလုံးကလပ်အသင်းတစ်သင်းလိုက်ပါလာသည့် လေယာဉ်တစ်စီးသည် တနင်္လာနေ့နှောင်းပိုင်းက ကိုလံဘီယာတွင် ပျက်ကျသွားသည်ဟု သတင်းထွက်နေကြောင်း Mirror သတင်းတွင်ဖော်ပြထားသည်။

ဘရာဇီးကလပ် Chapecoense အသင်းသည် မက်ဒလင်းလေဆိပ်သို့ထွက်ခွာလာစဉ် လေယာဉ်မှာ ရေဒါထဲမှ ပျောက်ဆုံးသွား ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြနေကြသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ရ၂ ဦးလိုက်ပါလာသည်ဟု Russia Today သတင်းတွင်ဖော်ပြထားသည်။ ရေဒါထဲမှ လေယာဉ် ပျောက်ဆုံးသွားသည့်အခိုက်အတန့် ဗီဒီယိုတစ်ခုမှာလည်း လူမှုကွန်ယက် တွစ်တာတွင် ပျံ့နှံ့နေသည်။

လေယာဉ်ဆီမလောက်တော့သဖြင့် ဒေသစံတော်ချိန် ည ၁၀း၁၅ နာရီခန့်တွင် ပျက်ကျသွားခြင်းဟုလည်း သတင်းထွက်နေသည်။

Chapecoense အသင်းသည် တောင်အမေရိကဖလားဗိုလ်လုပွဲယှဉ်ပြိုင်ကစားရန် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ယင်းနေ့ အစောပိုင်းတွင် အသင်းသားများလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဓါတ်ပုံကို အသင်းက လူမှုကွန်ယက်တွင် တင်ထားခဲ့သေး သည်။

Chapecoense အသင်းသည် တောင်အမေရိကဖလား (ကိုပါအမေရိကဖလား) ဗိုလ်လုပွဲ ပထမအကျော့ အဝေးကွင်းပွဲအဖြစ် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် ဒီဇင်ဘာ ၁ ရက်တွင် ကစားရန်ရှိနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly