မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆပ်ပြာတောင်ကျေးရွာအုပ်စု ဆပ်ပြာကျေးရွာအနီးရှိ ကျောက်မီးသွေး တွင်း ပြိုကျမှုကြောင့် ပိတ်မိနေသော အလုပ်သမားလေးဦးကို ကယ်ဆယ်နိုင်ရန် ကြိုးစားနေကြောင်း မင်းလှ မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကို ကပြောသည်။
မင်းလှမြို့နယ် ၊ ဆပ်ပြာကျေးရွာအနီးရှိ အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီလီမီတက်မှ တူးဖော် လုပ်ကိုင်နေသည့် ကျောက်မီးသွေးတွင်း၌ မြေပြိုကျမှုတစ်ခုကို သြဂုတ်လ ၂၅ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး အလုပ်သမား(၄)ဦးပိတ်မိနေကြောင်း မင်းလှမြို့မရဲစခန်းက သိရသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59993
တင်ဆက် - ယမုံမှူး