" ကျွန်တော်အမှုသည်က တစ်ရုံး ထဲစစ်ရင် ပိုကောင်းမယ်ဆိုတဲ့အကြံဉာဏ်မျိုးပေးလိုက်တာ။ အဲဒါဆို ဆရာ လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ပေးပါဆိုလို့ ကျွန်တော်တို့က ရုံးပြောင်းလျှောက်တာ။ လျှောက်တာက တရားသူကြီးကို မကျေနပ်လို့၊ တရားသူကြီးရဲ့တရားစီရင်ရေးကို မနှစ်သက်လို့ လျှောက်တာမျိုးမပာုတ်ပါဘူး။ တရားစီရင်ရေး ပိုမိုချောမွေ့စေဖို့ လျှောက်တာပါ။ ကျင့်ထုံးပုဒ်မ ၅၂၆ အရလျှောက်ရတာပါ။ အဲဒါကြောင့် ရုံးတော်ကလည်း ပြောင်းပေးလိုက်ပါတယ်။ ပြောင်းလိုက်တဲ့အတွက် တစ်ရုံးတည်း ဖြစ်သွားတယ်။ အပြန်အလှန်အမှု မှာ တရားလိုကလည်း ဒီရုံးမှာပဲ ၊ တရားခံကလည်းဒီရုံးမှာပဲ၊ သက်သေတွေကလည်း ပိုမိုချောမွေ့သွား တယ်။အဲဒီသဘောပါပဲ "
တရားလွှတ်တော်ရှေ့နေ ဦးကျင်လှ( ရွှေအိမ်စည်ဘက်မှ လိုက်ပါဆောင်ရွက်သူ)
ရိုက်ကူး၊တည်းဖြတ်-ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/57556