Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
71 Min

မာရက်ဇ်ဝင်လာခဲ့တာကြောင့် ဖိုဒန်က တောင်ပံထွက်ကစားနေရာကနေ အထဲကို ဝင်လာခဲ့တာကို မြင်ရမှာပါ။ အခုလည်း သူ့ရဲ့အဝေးကန်ချက်တွေနဲ့ မန်ယူ ဂိုးပေါက်ကို ဖိအားပေးဖို့ ကြိုးစားနေခဲ့ပြီ ခင်ဗျာ။

69 Min

မာရက်ဇ်ဝင်လာခဲ့လို့ မန်စီးတီးအသင်းရဲ့ ညာခြမ်းတိုက်စစ်က ပိုပြီး အားကောင်းလာမယ့် အနေအထားမှာ ရှိနေတယ် ခင်ဗျာ။ ဘရန်ဒန်ဝီလီယံအနေနဲ့ တိုက်စစ်ထက် ခံစစ်ကိုပဲ ပိုပြီး အာရုံစိုက်ရမယ့်အနေအထားပါ။

67 Min

ဂန်ဒိုဂန်ရဲ့ ထောင့်ကန်ဘောက တစ်ဆင့် အော်တာမန်ဒီ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့်လည်း သူ့ရဲ့ခေါင်းတိုက်ချက်က ဂိုးဘားတန်းပေါ်က ကပ်ပြီး လွဲသွားခဲ့ပါတယ်။

65 Min

မန်စီးတီးအသင်းကတော့ အဂွီရိုရဲ့နေရာမှာ ဂျီးဆပ် ကို ထည့်သွင်းကစားလိုက်ပြီ ဖြစ်ပြီး ဘာနာဒို ဆေးလ်ဗားရဲ့နေရာမှာ မာရက်ဇ်ကို ထည့်လိုက်ပြီ ခင်ဗျာ။

Yellow Card!!

မန်စီးတီးအသင်း နောက်ခံလူ ကန်ဆယ်လို တစ်ယောက် အဝါကတ် အပြခံလိုက်ရပြီ ခင်ဗျာ။ သူ့ကို တစ်ချိန်လုံး ဒုက္ခပေးနေခဲ့တဲ့ ဝီလီယံ ကို ဖြတ်ရိုက်လိုက်တာကြောင့်ပါ။