Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)

16 February 2020
Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)
Premier League February 16, 23:00

Arsenal
4-0 (FT)
Aubameyang 54' Pepe 57' Ozil 90' Lacazette 90'+5
 
Stadium: Emirates Stadium
78 Min

အာဆင်နယ်အသင်းရဲ့ ခံစစ်က ဒီပွဲမှာ ထူးထူးခြားခြားပဲ တည်ငြိမ်နေခဲ့တာကို တွေ့နေရပြီး နယူးကာဆယ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားထားနိုင်ခဲ့တာပါ။ အထူးသဖြင့်နယူးကာဆယ်ရဲ့ အားသန်တဲ့ တောင်ပံတွေနဲ့ အဝေးကန်ချက်တွေကို တားဆီးထားနိုင်ခဲ့တယ် ခင်ဗျာ။

76 Min

အာဆင်နယ်အသင်း ကွင်းလယ်လူ ဇာခါ ကတော့ ဒဏ်ရာရသွားခဲ့ပြီး ကွင်းထဲမှာ လဲနေခဲ့ပြီ ခင်ဗျာ။ ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူနေရပါပြီ။

74 Min

 

အာဆင်နယ်ကစားသမားတွေကတော့ ဒဏ်ရာမရအောင် ကစားဖို့ ကြိုးစားနေကြသလိုပဲ ခင်ဗျာ။ အန္တရာယ်ဖြစ်နိုင်တဲ့ ဘောလုံးယှဉ်လုမှုတွေကိုရှောင်ဖို့ ကြိုးစားနေကြပြီး သက်သောင့်သက်သာပဲ အပေးအယူ လုပ်နေကြပါတယ်။ နယူးကာဆယ််ကတော့ တိုက်စစ်မကစားနိုင်သေးပဲ ခွေးရူးလိုက်နေရသလို ဖြစ်နေတာပါ။

72 Min

ပွဲကစားချိန်က မိနစ် (၇၀) ကျော်သွားခဲ့ပြီ ခင်ဗျာ။ နှစ်သင်းစလုံးက ကစားသမား အပြောင်းအလဲတွေ မလုပ်ကြသေးပဲ သူတို့ရဲ့ နည်းစနစ်ပိုင်းကို အထိခိုက်မခံကြသေးပါဘူး။ အာဆင်နယ်ရဲ့ အရန်စာရင်းမှာ မာတီနယ်လီ၊ လာကာဇက် ၊ တော်ရဲရားတို့လို ကစားသမားတွေရှိနေကြသလို နယူးကာဆယ်ဖက်မှာလည်း အတ်ဆု ၊ ဟေဒန် တို့လို ကစားသမားတွေရှိနေကြတယ် ခင်ဗျာ။

70 Min

ာင်ဂိုး (၂)ဂိုးရသွားတဲ့ အာဆင်နယ်အသင်းကတော့ တိုက်စစ်ဆင်ဖို့ထက် ဘောလုံးပိုင်ဆိုင်မှု အသာစီးရဖို့ကိုသာ ပြန်လည်အာရုံစိုက်နေကြပြန်ပါတယ်။ ကွင်းလယ်မှာ ဘောလုံးကိုင်ကစားနေတဲ့ အာဆင်နယ်ရဲ့ ကစားကွက်ကို မြင်နေရတယ် ခင်ဗျာ။