Kyrgyzstan 7-0 Myanmar (Full-time)

10 October 2019
Kyrgyzstan 7-0 Myanmar (Full-time)



World Cup Qualifiers Today Full-Time

Kyrgyzstan 7-0 Myanmar

Goal - Bernhardt (5', 10', 87'p)၊ Şukurov (20', 71')၊ Alykulov (26') Kichin (44') 

Second Round · Second Round Group F
Stadium: Spartak Stadium Kyrgyzstan

73 Min

ဒေးဗစ်ထန်၊ ကျော်ဇင်လွင် တို့ ရှိနေပါရက်နဲ့ စိုးမိုးကျော် ကို ပွဲထုတ်ခဲ့တဲ့ နည်းပြ ရာဒူလိုဗစ် ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ပြောရမှာပါ။နိုင်ငံတကာ ပွဲတွေမှာ အတွေ့အကြုံနုသေးတဲ့ စိုးမိုးကျော်က ဒီပွဲမှာ အမှားတွေများနေခဲ့ပြီး အခြားအသင်းဖော်တွေနဲ့လည်း အတွဲမမိ ဖြစ်နေခဲ့ပါတယ်။

71 Min

ကာဂျစ်စတန်အသင်းက ဒီနေ့ပွဲစဉ်မှာ ခြေစွမ်းပြပြီး သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ ကျောနံပတ် (၈)ရဲ့နေရာမှာ ကျောနံပတ် (၇) – Rustamov ကို ထည့်သွင်းကစားခဲ့ပါတယ်။

71 Min - Goal!!!!

Şukurov ကျောနံပတ် ၂၂

69 Min

ကာဂျစ်စတန်အသင်းက မြန်မာအသင်းဖက်ကို အပိုင်ကန်သွင်းခွင့်တစ်ကြိမ် ရရှိခဲ့ပေမယ့် ဒီတစ်ကြိမ်ကိုတော့ ဂိုးသမား ကျော်ဇင်ဖြိုးက ကာကွယ်သွားနိုင်ခဲ့လို့ မြန်မာအသင်း သက်သာသွားခဲ့ပါတယ်။

67 Min

မြန်မာအသင်းတိုက်စစ်မှူးအောင်သူ တစ်ယောက် ညာခြမ်းခံစစ်မှာ ဆင်းကစားနေရပြီး သန်းပိုင်က အရှေ့မှာ ဘောလုံးစောင့်ယူ ကစားနေတာကို မြင်တွေ့နေရပါတယ်။ ကာဂျစ်စတန် ကစားသမားတွေကတော့ သန်းပိုင်ကို ကြမ်းကြမ်းတမ်းတမ်း ကစားဖို့ ကြိုးစားနေကြတယ်။