Kyrgyzstan 7-0 Myanmar (Full-time)
"ကာဂျစ်စတန် အသင်းက ကျွန်တော်တို့ထက်ပိုကောင်းခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့လည်း အခွင့်အရေး ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ စောစော အသုံးချနိုင်ခဲ့ရင် ပွဲရလဒ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီပွဲမှာ အာရုံစိုက်မှုအားနည်းခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ အသင်းကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်နေပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲလိုပြိုင်ပွဲမျိုးအတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်"
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် မြန်မာလက်ရွေးစင်အသင်း တို့ ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အသင်း အနေဖြင့် ပေးဂိုး ၇ ဂိုး ဖြင့် ကာဂျစ္စတန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ အပြည့်အစုံ - http://bit.ly/35nNt0o
ပွဲကစားချိန်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းကအိမ်ရှင် ကာဂျစ်စတန်အသင်းကို (၇-၀)ဆိုတဲ့ ဂိုးရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ကာဂျစ်စတန်ကစားသမားတွေကတော့ တိုက်စစ််ဆင် ကစားနေတုန်းပါပဲ။ မြန်မာအသင်းပရိသတ်တွေကတော့ ဂိုးထပ်မသွင်းဖို့သာ ဆုတောင်းနေရတုန်းပါ။
ပွဲကစားချိန် မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့ပါတယ်။ မြန်မာအသင်း တိုက်စစ်မှူးတွေကတော့ ကာဂျစ်စတန်ဂိုးပေါက်ကို ပွဲပြီးသွားတဲ့အချိန်မှှပဲ ကန်ခွင့်ရတော့မယ်ထင်ပါတယ်။