စာရေးဆရာမကြီး သန်းမြင့်အောင် တည်ထောင်ထားသည့် "သုခရိပ်မြုံလးငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ" (၁ဝ) နှစ်ပြည့် အထိမ်းအမှတ် နှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်ချုပ်ဆိုသည့်နေ့ CRC Day အခမ်းအနားအား နိုဝင်ဘာလ ၂၂ရက် နေ့လည် (၃းဝဝ) နာရီမှ ည (၈းဝဝ) နာရီအထိ HAPPY WORLD Amusement Zones တွင် သုခရိပ်မြုံရင်သွေးငယ် များ၏ ဖျော်ဖြေ တင်ဆက်မှုနှင့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများအပြင် Dencer Show အကအလှများဖြင့် ကျင်းပခဲ့သည်။
"ကျွန်မတို့ကလေးတွေက ဒီနေ့ CRC Day ဆိုပြီးပျော်ရွှင်နေကြတဲ့ အချိန်အခါမှာ ရှမ်းပြည်နယ်မှာ အခုလတ်တလောဖြစ်နေတဲ့ စစ်ဘေးဒေသက ကလေးတွေ၊ ဗုံးခိုကျင်းလေးထဲမှာ ကြောက်လန့်တကြား မျက်စိသူငယ် နားသူငယ် နေကြရတာ၊ မိဘတွေ အသက်သေကြတာ၊ ကလေးတွေသေဆုံးနေကြတာ ဒီလောဘ၊ ဒေါသ၊ မောဟနဲ့ ယုံကြည်မှု အလွဲအမှားတွေကြားထဲကနေပြီးတော့ စစ်ဘေး၊ စစ်ဒဏ်ကြားမှာ မြေစာပင်ဖြစ်နေရတဲ့ ကလေးသူငယ်တွေ အများကြီးရှိနေတာ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။"ဟု စာရေးဆရာမကြီး သန်းမြင့်အောင် က ပြောသည်။
(ဓာတ်ပုံ- ကျော်ဟိန်း)