ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ

မန္တလေးမြို့သူမြို့သားများနှင့် အနုပညာရှင်များ စုပေါင်းကာ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၅ ရက် ညပိုင်းက မန္တလေးမြို့ ၇၈ လမ်းပေါ်ရှိ Diamond Plaza အပေါ်ဆုံးထပ်တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ) ၎င်းဂီတ ရန်ပုံငွေပွဲကို Z*A*N Group မှဦးစီးကျင်းပပေးခြင်းဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင်များ ပါဝင်ဖျော်ဖြေခဲ့ကြသည်။ ပွဲကို ည ၁၂ ခွဲခန့်တွင် အဆုံးသတ်ခဲ့ပြီး အလှူငွေ သိန်း ၄၀၀ ကျော်ရရှိခဲ့ပါသည်။