ကန့်ဘလူ၊ ချပ်သင်းကျေးရွာ မိုးကြီးပြီး ရပ်ကွက် အတွင်းရေလျှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာတွင် ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မြို့မ၊ ကံသာယာ၊ အောင်မင်္ဂလာ စသည့် ရပ်ကွက်များအတွင်း ရေဝင်ရောက်လျက်ရှိသည်။
ယခင်က ထိုကဲ့သို့ရေဝင်ခြင်းရှိသော်လည်း အနည်းငယ်သာ ဝင်ရောက်ခဲ့ပြီး ယခုအခါတွင် မိုးကြီးသောကြောင့် ရေဝင်ခြင်းဖြစ်သည်ဟု ဒေသခံ ချပ်သင်းရွာဦးကျောင်းဆရာတော် ဦးဇောတက မိန့်ကြားသည်။ (ဓာတ်ပုံ-ရွှေသန်းမင်း)