ဆဲဗင်းဇူလိုင် အခမ်းအနား မန္တလေး ရတနာပုံ တက္ကသိုလ်တွင် ပြုလုပ်

ဆဲဗင်းဇူလိုင် (၅၃)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မန္တလေး ရတနာပုံ တက္ကသိုလ်အတွင်း ပင်မဆောင်အရှေ့သို့ မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်း (၅)ကျောင်းမှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများက ချီတက်အလေးပြုစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ) ၎င်းချီတက်မှုတွင် မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ရတနာပုံတက္ကသိုလ်၊ မန္တလာကောလိပ်၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်၊မန္တလေးတက္ကသိုလ် တို့မှ သမဂ္ဂအဖွဲ့ဝင် ကျောင်းသားကျောင်းသူ ၂၀ ခန့် ချီတက်အလေးပြုခဲ့ကြသည်။