ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် IFES အဖွဲ့အစည်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် IFES အဖွဲ့အစည်းတို့မှ ပူးပေါင်းကာ TBR ဆော့(ဖ်)ဝဲ အသုံးပြုနည်းကိုပို့ချသော အခြေခံမဲဆန္ဒရှင်စာရင်းရေးသွင်းခြင်း သင်တန်းကို မန္တလေးခရိုင် ရွေးကောက် ပွဲကော်မရှင်ရုံးတွင် ၂၀၁၅ ခုနှစ် ဇူလိုင် ၄ ရက်က သင်ကြားနေသည်ကိုတွေ့ရစဉ်။(ဓာတ်ပုံ - ဘိုဘို ၊ မဇ္ဈိမ)
၎င်းသင်တန်းတွင် မန္တလေးခရိုင် နှင့်ကျောက်ဆည်ခရိုင်မှ ဝန်ထမ်းများပါဝင်ပြီး ယခုသင်ကြားပေးသော ဆော့ဖ်ဝဲ သည် ပုံစံ ၃၊ပုံစံ ၄၊ ပုံစံ ၄(ဂ) လျှောက်ထားတဲ့ကိစ္စများ၊တိုင်းရင်းသား မဲဆန္ဒရှင်စာရင်း၊မဲရုံခွဲတဲ့ စနစ်များပါဝင်သည်ဟု မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်ဒုတိယလက်ထောက်ညွှန်ကြားရေးမှူ း ဦးတင်မင်းအေးက ပြောသည်။