အနည်းဆုံးလစာ တနေ့ ၃၆၀၀ကို လုပ်ငန်းရှင်များ ထပ်မံကန့်ကွက်

အနည်းဆုံးလစာ တနေ့ ၃၆၀၀ကျပ်ကို စက်မှုဇုန်လုပ်ငန်းရှင်များက ဇူလိုင် ၃ရက်က အစည်းအဝေးလုပ်ကာ ထပ်မံ ကန့်ကွက်လိုက်သည်။ ဇူလိုင် ၂ရက်ကလည်း အထည်ချုပ် လုပ်ငန်းရှင်များက ကန့်ကွက်ခဲ့သေးသည်။ ယနေ့တွင် လျှပ်စစ်၊ ဖိနပ်စက်ရုံ၊ စားသောက်ကုန် လုပ်ငန်းအပါအဝင် လုပ်ငန်းရှင်များက ထပ်မံ ကန့်ကွက်ခြင်း ဖြစ်သည်။ (ဓာတ်ပုံ-ခင်မြတ်မြတ်ဝေ)