မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည့် ( Smart Down ပုံစံ ) နပန်းအားကစားပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲ

Yangon Press Media နှင့် ဂျပန်မှ Zero One ကုမ္ပဏီတို့ ပူးပေါင်း၍ ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည့် ( Smart Down ပုံစံ ) နပန်းအားကစားပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂ ရက် (ယနေ့ည) က ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ညနေ ငါး နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဝင်ကြေးအဖြစ် အနိမ့်ဆုံး နှစ်သောင်းကျပ်မှ အမြင့်ဆုံး ကျပ်တစ်သိန်းအထိ သတ်မှတ်ထားကာ ရရှိသည့် အကျိုးအမြတ်များအားလုံးကို ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားမည် ဖြစ်သည်။
ဓာတ်ပုံ-ရွှေဘုတ် / Mizzima