ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၃၅၅ မြောက်အဖြစ် ယနေ့ ဇန်နဝါရီလ ၂၈ ရက်တွင် ချီတက် ဆန္ဒပြသည်။
“ပြည်တော်ဝင်ဖို့ ရုန်းကန်ကြစို့ အဆုံးသတ်တိုက်ပွဲ နွှဲကြစို့” ဆိုသည့် စာတမ်းကိုင်ဆွဲ၍ ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။
ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။