ဇန်နဝါရီလ ၂၀ ရက်
မြစ်ကြီးနားမြို့ရှိ ခရိုင် ကြံခိုင်ရေးရုံး၌ ယနေ့ ဇန်နဝါရီလ ၂၀ရက် ည ၈ နာရီခွဲ ဝန်းကျင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံထံက သိရသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
ယမန်နေ့ကလည်း မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် တစ်ခု ဖြစ်သည့် ခေမာသီရိ ရပ်ကွက်၌ ည ၁၀ နာရီ ကျော်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဖုန်းဆက်သွယ်ရေး ဆက်ကြောင်း ပေါင်းစုံ တပ်ဆင်ထားသည့် ဆက်သွယ်ရေး သံသေတ္တာဘောက် တစ်ခု ပျက်စီးခဲ့သည်။
ပုံစာ - မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ယမန်နေ့ညက ပေါက်ကွဲခဲ့အပြီး မြင်ကွင်း။