ဒီဇင်ဘာ ၂၈
မန္တလေးမြို့တစ်နေရာတွင် မန္တလေးအမျိုးသမီးသပိတ် ဦးဆောင်၍ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်က ဆန္ဒပြကြသည်။
မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖမ်းဆီးခံ၊ အကျဉ်းကျခံ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် နှစ်သစ်မှာ ဆက်လက်တော်လှန်ကြရန် အမျိုးသမီးမဟာမိတ်အင်အားစုမှ တိုက်တွန်းနှိုးဆော် ချီတက်ဆန္ဒပြကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးထုသည် တပ်ဦးမှ နေ၍ တော်လှန်နေကြဆဲဖြစ်သည်။