ဂရိနိုင်ငံတွင် အသက် ၂၁ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသား လူငယ်အမျိုးသားတစ်ဦး အများပြည်သူ လူမြင်ကွင်းရှေ့ မဖွယ်မရာ ပြုမူနေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ ၎င်းသည် ဂရိနိုင်ငံ ကယ်လီဗီရာမြို့ လမ်းပေါ်တွင် ကလေးများအကြား မတော်တလျော် ဝတ်စားလျက်ဖြင့် လှည့်လည်သွားလာနေခဲ့သည်ဟု မီဒီယာသတင်းများတွင် ဖော်ပြသည်။
အဆိုပါ ပါကစ္စတန်အမျိုးသားသည် ကယ်လီဗီရာမြို့ရှိ မြို့လယ်ရင်ပြင်တစ်ခု၌ ၎င်း၏ ဘောင်းဘီကို အောက်လျှောချလျက်ဖြင့် သွားလာနေခဲ့ခြင်းဖြစ်ကြောင်း ဂရိစီးတီးတိုင်းမ် သတင်းဌာနက ဖော်ပြသည်။ ယင်းနောက် ၎င်းကို ရဲများက ဖမ်းဆီးခဲ့သည်။
ပါကစ္စတန် အမျိုးသားတစ်ဦး ကလေးများ ဆော့ကစားနေသည့် နေရာတစ်နေရာတွင် မတော်တလျော် ဝတ်စားလျက်ဖြင့် လမ်းလျှောက်နေခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ရဲများက အဆိုပါ အမျိုးသားကို ဒီဇင်ဘာ ၄ ရက် ဒေသစံတော်ချိန် ၇ နာရီ ခွဲခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဂရိစီးတီးတိုင်းမ်က ဖော်ပြသည်။