တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ Mingtai ဓာတ်အားပေးစက်ရုံတွင် ဒီဇင်ဘာ ၆ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။
စက်ရုံ၏ ဝန်ထမ်းအိမ်ယာ၌ ဒီဇင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုကို CGTN သတင်းဌာန၏ တွစ်တာတွင်လည်း ရေးသားထားသည်။