နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ရွှေပြည်ကျေးရွာကရဲကင်းကို အမည်မသိလူနှစ်ဦးကသေနတ်နှင့်လာရောက်ပစ်ခတ်တာကြောင့် ရဲတပ်သားတစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းသိရသည်။
ဆိုင်ကယ်နှင့်လူနှစ်ဦးမှ ယနေ့ညနေ၅နာရီခွဲဝန်းကျင်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ပြီးပြေးသွားတာကြောင့် ဖမ်းခံသွားရခြင်းမရှိကြောင်းဒေသခံများကပြောသည်။
"ရဲတစ်ယောက်သေတာ။လက်ပန်လှကနာရေးကားလာတယ်။သူတို့ကကားနဲ့တောင်မတင်ရဲဘူး။ရဲကားကြီးနဲ့ဇွတ်တင်သွားတာ။တစ်ယောက်သေတာသေချာတယ် "ဟု ဒေသခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်းစဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးများနှင့် ပျူစောထီးဆိုသူများ အသတ်ခံရမှုများလည်းရှိခဲ့သည်။