တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့တောင်ဘက်ရှိ မိုးခေါင်ခြောက်သွေ့သည့် ဒေသတစ်ခုဖြစ်သော ရှန်နန်းမြို့တွင် ဟက်တာပေါင်း ၃,၂၀၀ ကျော် လွှမ်းခြုံသည့် သဲကန္တာရဖြစ်မှု ထိန်းချုပ်ရေး ပရိုဂရမ်တစ်ခုကို လုပ်ဆောင်နေခဲ့သည်။
၂၀၀၅ ခုနှစ်နောက်ပိုင်း နိုင်ငံ အစိုးရသည် ဤ ဧရိယာတွင် စိုက်ပျိုးရေးနှင့် တိရစ္ဆာန် မွေးမြူမှု ကဏ္ဍများတွင် အားပေးထောက်ကူထားခဲ့ရာ ဒေသခံစိုက်ပျိုးမွေးမြူရေးသမား ၂,၀၀၀ နီးပါးကို အလုပ်အကိုင်များ ကူညီရှာဖွေပေးခဲ့သည်။ ကိန်းဂဏန်းစာရင်းများအရ ယင်းဒေသတွင် သဲကန္တာရဖြစ်မှုသည် ၂၀၀၄ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်အတွင်း ဟက်တာ ၉၂,၀၀၀ မျှ လျော့ကျသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သဲထူမှုသည်လည်း ဟက်တာ ၁၀၀,၀၀၀ မျှ လျော့ကျသွားခဲ့သည်။
၁၀ နှစ်တာ ကြိုးပမ်းအားထုတ်မှုနောက်ပိုင်း သဲများသည် အနည်ထိုင် နေသားတကျရှိနေခဲ့ရာ ဒေသ ပတ်ဝန်းကျင်ကို ကြီးကြီးမားမား တိုးတက်စေခဲ့သည်။ “သဲ ထိန်းချုပ်မှု ပရောဂျက်တွေရဲ့ သက်ရောက်မှုက အင်မတန် ကောင်းမွန်ပါတယ်၊ ဒီ ထိန်းချုပ်ရေး ပရောဂျက် မစခင် ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်က ဒီ သဲထူတဲ့ ဧရိယာမှာဆိုရင် ရာသီကာလအသီးသီးမှာ မကြာခဏဆိုလို လေတိုက်မှုတွေကြောင့် သဲတွေကို နေရာတိုင်းကို လွင့်ပါထားစေခဲ့ပါတယ်၊ လေတိုက်တဲ့ အရှိန်နှုန်းဟာ နွေရာသီမှာ တစ်စက္ကန့်ကို ၂၄ မီတာကျော်အထိ ရောက်နိုင်ပါတယ်” ဟု တရုတ် သိပ္ပံအကယ်ဒမီရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ချန် ရွှီရှန်းက ပြောသည်။
သဲမုန်တိုင်းများ ဒေသ၏ အခြားဧရိယာများကို ပျံ့နှံ့မှုကနေ တားဆီးကာကွယ်ရန် ဒေသခံများနှင့် အဖွဲ့အစည်းများသည် သဲများကို နေရာတကျ ရှိစေရေးအတွက် သစ်ပင်များ စိုက်ခဲ့သလို သံကွန်ရက်များ တည်ဆောက်ခဲ့သည်။
ရှန်နန်းမြို့သည် ပျမ်းမျှ ပင်လယ်ပြင်ထက် အမြင့် ၃,၇၀၀ မီတာခန့်တွင် ရှိရာ ယင်းသည် သစ်ပင် မျိုးစိတ် အများအပြား ရှင်သန်နိုင်ရန်အတွက် မလွယ်ကူသည့် အလွန်မြင့်မားသော တောင်ကုန်းမြေမြင့်အရပ်ဒေသတစ်ခု ဖြစ်နေခဲ့သည်။ သဘာဝပတ်ဝန်းကျင် ပညာရှင်များသည် ယင်းအတွက်ကြောင့် ပိုးစာပင်ကဲ့သို့ ပင်လယ်ပြင်ထက် အမြင့် မြင့်မားသည့် နေရာနှင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီခံနိုင်စွမ်းရှိသည့် အကြမ်းခံသော ဒေသရင်းအပင်များကို ဂရုတစိုက် ရွေးချယ်ခဲ့ကြရသည်။
“ကုန်းတွင်းပိုင်း ဒေသတွေမှာ သဲကန္တာရဖြစ်မှု ထိန်းချုပ်ရေး သက်ရောက်မှုအကျိုးတရားတွေ ပိုမိုကောင်းစွာ ရှိမယ့် အပင်တွေကို ကျွန်တော်တို့ ရွေးချယ်ခဲ့တယ်၊ ဒါပေမယ့် အခြား ကုန်းတွင်းပိုင်း ဒေသတွေနဲ့ တိဘက်အကြား ပင်လယ်ပြင်ထက် အမြင့် လိုမျိုး သဘာဝပတ်ဝန်းကျင် အခြေအနေတွေရဲ့ ကွဲပြားမှုတွေကို ကျွန်တော်တို့ ထည့်သွင်းစဥ်းစားခဲ့ရပါတယ်” ဟု ချန်က ပြောခဲ့သည်။
“ကမ္ဘာ့ ခေါင်မိုး” နှင့် “ အာရှ၏ ရေမျှော်စင်” ဟု သိကြသည့် ချင်ဟိုင်-တိဘတ် ကုန်းပြင်မြင့်သည် တရုတ်၏ သဘာဝပတ်၀န်းကျင် လုံခြုံမှုအတွက် အရေးကြီးသော အာမခံပေးသည့် နေရာတစ်ခုဖြစ်သည်။