- မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း သုံးသန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ။
- နေပြည်တော်ကောင်စီနယ်မြေမှာ မြို့ပတ်ရထားလမ်းတွေ၊ ဘတ်စ်ကားလမ်းတွေ၊ လျှပ်စစ်ဘတ်စ် ကားလမ်းတွေနဲ့ မြေအောက်ရထားလမ်းတွေ တည်ဆောက်မယ်လို့ စစ်ခေါင်းဆို။
- ကမ္ဘောဒီးယားက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးဝါးအထောက်အပံ့တွေဝယ်ယူရေးအတွက် ဒေါ်လာ ၂ သိန်း လှူဒါန်းမယ်။
- မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနဲ့ စာနာမှု အကူအညီတွေပေးနိုင်ရေး ဆောင်ရွက်ကြဖို့ ဗြိတိန်နိုင်ငံက တောင်းဆို။
- ပြည်တွင်း စားသုံးမှုများသည့် ကုလားပဲနှင့် စွန်တာပြာ၊ ထောပတ်၊ ပဲကြီး၊ ပဲဇီးကွက်ပဲများ တစ်အိတ်လျှင် ယခုရက်အတွင်း ကျပ်သုံးသောင်းခန့် ဈေးတက်နေ။