ဇူလိုင် ၁၆
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အာဇာနည်နေ့အကြို အဖြစ် ပြုလုပ်တဲ့ ရန်ကုန်မနက်ခင်းသပိတ်ဟာ စစခြင်းမှာပဲ ဖြိုခွင်းခံခဲ့ရပါတယ်။
“လေးယောက်ပါသွားတယ်။ မြို့ထဲမှာ ပြဖို့လုပ်ထားတာ ကြိုရောက်နေကြလို့ ယုဇနပလာဇာဘက် ပြောင်းလုပ်လိုက်ရတယ်။အဲ့မှာလဲ စစခြင်းဖြိုခွဲခံရတယ်” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၆ရက်မနက် ၉နာရီအချိန်မှာ ရန်ကုန်မြို့ ယုဇနပလာဇာ အနီးမှာ “ လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက” စာတန်းဖြင့် ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ကြတာပါ။