၂၀၂၀ ပြည့်နှစ် အစောပိုင်း အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် စပြီးကူးစက်တဲ့ အချိန်ကတည်းက နယူးယောက်မြို့ ခရီးသွားလုပ်ငန်းတွေ ထိခိုက် နေခဲ့တာပါ။ ဒီအထဲ ခရီးသွားဧည့်သည်တွေ မြို့တွင်း လှည့်ပတ်ကြည့်ရှု့နိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့ အမိုးပွင့် ဘတ်စ်ကားလုပ်ငန်းတွေလည်း ထိခိုက်နေရပါတယ်။ VOA သတင်းထောက် Aunshuman Apte ရဲ့ သတင်းလွှာကို မမြသဇင်အောင်က တင်ဆက်ထားပါတယ်။