မဇ္ဈိမ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ယနေ့ (ဇွန်လ ၁၉ ရက်) မနက်ပိုင်း၌ လူငယ်များ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင် ဖြုတ်ချရေး ပြောက်ကျားသပိတ် ချီတက် ဆန္ဒပြကြခဲ့သည်။
လူငယ်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီ ရရှိစေရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။