ဧပြီလ ၂၈
ထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခွင့်ပေးဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဧပြီ ၂၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ဂျာကာတာ အာဆီယံထိပ်သီးအစည်းဝေးမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပါမယ်ဆိုတဲ့ ပေးခဲ့တဲ့ "ကတိ" အတိုင်း တည်ပါသလားလို့ မေးခွန်းထုတ်တဲ့ အိတ်ဖွင့်ပို့စာပေးပို့ရာမှာ တွမ် အင်ဒရူးက ရေးသားထားတာပါ။ ပြီးတော့ အခြေခံလူ့အခွင့်ရေးအရ ဆန္ဒပြနေသူတွေကို တိုက်ခိုက်တာ ရပ်တန့်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အမိန့်ပေးဖို့လိုတယ်လို့လည်း သူက တောင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးစာစောင်တွေဖြစ်တဲ့ မြဝတီနဲ့မြန်မာ့အလင်းသတင်းစာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံအစည်းအဝေးတောင်းဆိုချက်ကို ယတိပြတ် ကတိပေးမယ့်အစား ဆွေးနွေးချက်တွေကို စဉ်းစားပေးမယ်လို့သာဆိုထားပါတယ်။