ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA ) အဖွဲ့ မှ ဗိုလ်မှူးကြီး စိုင်းထွန်းအင်တာဗျူး

16 April 2021
ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA ) အဖွဲ့ မှ ဗိုလ်မှူးကြီး စိုင်းထွန်းအင်တာဗျူး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းနီ အမျိုးသားများ တပ်မတော် ( SNA ) နှင့် အာ ဏာသိမ်းစစ်ကောင်စီတပ်များ လတ်တလော စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင် သည်ဟု SNA အဖွဲ့ မှ ဗိုလ်မှူးကြီး စိုင်းထွန်းက မဇ္ဈိမကို ပြောသည်။
စစ်ရေးအရ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များက ယခုရက်ပိုင်း နယ်မြေစိုးမိုးရေးအတွက် စစ်အင်အား တိုးချဲ့လာသဖြင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ 
စစ်ရေး တင်းမာတာကတော့ ဒီနေရာတောင်မကဘူး ကချင်ပြည်နယ် အစပ် နောက် ခန္တီးနယ်စပ် အဲဒီမှာလည်း စစ်ရေး တင်းမာနေတာရှိတယ် ဟု ဗိုလ်မှူးကြီး စိုင်းထွန်းက ပြောသည်။ 
ယခုလ ၁၄ ရက်နေ့က ဟုမ္မလင်းမြို့ စေတီဆိပ် ကျေးရွာအနီးတွင် ( SNA ) အဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ် ကလေးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ၃၀၉ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။ 
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA ) ကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်း၍ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ခန္တီးမြို့နယ် နှင့် ချင်းတွင်းမြစ်ဝှမ်း တစ်လျှောက်အပါအဝင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် တို့တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required