ဧပြီ ၁
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန် ဖြစ်စဉ်များအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများအတွက် ထိုင်းနိုင်ငံအနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရကြောင်း ထိုင်း နိုင်ငံခြားရေး၀န်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်လိုက်သည်။
တစ်ဆက်တည်းမှာပင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် အစွမ်းကုန် ထိန်းသိမ်းသည်းခံရေးအတွက်လည်း ယင်းက တောင်းဆိုသွားခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဆီမှ ထွက်ပေါ်လာသည့် အားအကောင်းဆုံးသော မှတ်ချက်စကားတစ်ချို့လည်း ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်နီး ဆန်ဂရတ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အခြေအနေ ပြင်းထန်မှုကို လျော့ကျစေရေး၊ အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် ထိန်းသိမ်းဖမ်းဆီးခံထားရသူများကို လွှတ်ပေးရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် တောင်းဆိုကြောင်း ပြောခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့အရေးအတွက် ငြိမ်းချမ်းသော ဖြေရှင်းချက်တစ်ခု ရရှိရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများနှင့်အတူ လုပ်ဆောင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသွားခဲ့သည်။