ဖေဖော်ဝါရီ၊ ၂၇ မုံရွာ
အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ လုပ်ရပ်တွေကြောင့် ဒီကနေ့ မုံရွာမြို့မှာ သေနတ်မှန်ပြီး ဆရာဝန်မတစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒီကနေ့ မနက် ၉ နာရီကျော်အချိန်ကစတင်ပြီး ပင်မသပိတ်စစ်ကြောင်းစုရပ်ဖြစ်တဲ့ ပြဿဒ်ကျောင်းရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းကာ အကြမ်းဖက်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဒေါက်တာမြတ်သူဇာခင်ဟာ ဆီးခုံကို ကျည်မှန်ဒဏ်ရာနဲ့ သွေထွက်လွန် သေဆုံးခဲ့ဖြစ်ပြီး လူမှုရေးအသင်းတွေက ဆေးရုံကိုပို့ဆောင်ဖို့ ခွင့်တောင်းခဲ့ကြပေမယ့် ခွင့်မပြုခဲ့ပါဘူး။ သွားရောက်ခွင့်တောင်းခဲ့တဲ့ လူမှုကူညီရေးအသင်းကလူတွေပါ အရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီကနေ့ အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် လူသေဆုံးတာတွေ၊ ဒဏ်ရာရရှိသူတွေများပြားခဲ့ပြီး လူပေါင်း ၂၀၀ ထပ်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။