စစ်အာဏာရှင်နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုအပါအဝင် လူထုလှုပ်ရှားမှုအားလုံးကို ထောက်ခံအားပေးမည်ဖြစ်ပြီး အာဏာသိမ်းကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း PPST အဖွဲ့က ဖေဖော်ဝါရီ ၂၀ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါ့အပြင် လိုအပ်တဲ့ ပံ့ပိုးမှုတွေကို နည်းလမ်းရှာကူညီသွားမယ်လို့လဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
PPST အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။
"NCA အကောင်ထည်ဖော်ဖို့က ဒီနေ့အခြေနေနဲ့မဖြစ်နိုင်တော့ပါဘူး။"လို့ PPST အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။
NCA စာချုပ်ချုပ်ဆိုခဲ့သည်မှာ ပြည်သူ့အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ပါဝင်ခဲ့ပြီး အစုအဖွဲ့ တစ်ခုခုနဲ့ချုပ်ဆိုထားတာ မဟုတ်ကြောင်း ဆိုပါတယ်။
ဒါကြောင့် ဆွေးနွေးမှုတွေကို ဘယ်အချိန်ထိ ရပ်ထားကြမလဲဆိုတာ အတိအကျပြောမရကြောင်းလည်း ရဲဘော်သံခဲက ဆိုပါတယ်။
ဒီ့အပြင် ဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ နှိမ်နင်းတာကို ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း PPST က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ လက်ရှိနိုင်ငံရေးပြဿနာများကို နည်းလမ်းရှာဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် ပြည်တွင်း၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လဲ ရေးသားထားပါတယ်။