ကယားပြည်နယ်လွိုင်ကော် မြို့တွင် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ဒီးမော့ဆိုမြို့နယ်သို့ ပြန်သွားသည့် ကျောင်း ဆရာ၊ ဆရာမ ခုနှစ်ဦးကို အာဏာပိုင်များ ဖမ်းဆီးထားကြောင်း ကနဦး သတင်းအရ သိရှိရသည်။
ဆရာမ လေးဦးနှင့် ဆရာသုံးဦးကို လွိုင်ကော် ရဲတပ်ဖွဲ့ဝင်များက ဒီးမော့ဆို မြို့နယ် ငွေတောင်ဆည် လမ်းမကြီးပေါ်တွင် ဖမ်းဆီးခဲ့ဖြင်း ဖြစ်သည်။
ဖဖ်းဆီးသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း လတ်တလော မသိရသော်လည်း ပြည်သူများက ဒီးမော့ဆိုမြို့နယ် ရဲစခန်းရှေ့တွင် စုဝေးကာ ပြန်လွတ်ပေးရန် တောင်းဆိုနေကြသည်။