လက်ရှိ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီကို သူရောက်ရှိနေတဲ့ နေပြည်တော်စည်ပင်ရိပ်သာကနေ တနေရာကိုခေါ်ဆောင်သွားပြီလို့သိရပါတယ်။
သူဖမ်းခေါ်မခံရခင်ပြောဆိုခဲ့တဲ့ဗွီဒီယိုဖိုင်ထဲမှာ အာဏာထိန်းသိမ်းတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး မေးခွန်းထုတ်ပြောဆိုခဲ့တဲ့အပြင် ပြည်သူတွေအနေနဲ့ စိတ်ရှည်ဖို့ကိုလည်း မှာကြားခဲ့တာတွေ့ရပါတယ်။
အဲ့ထဲက ဦးမန်းဂျော်နီရဲ့ပြောဆိုချက်တစ်ချို့ကို မဇ္ဈိမက ပြန်လည်ဖော်ပြပေးထားပါတယ်။