ဒီကနေ့မှာတော့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲ ကျရောက်ပါပြီ။ အမေရိကန်စံတော်ချိန် မွန်းတည့် ၁၂ နာရီ၊မြန်မာစံတော်ချိန် ည သန်းခေါင်ယံအချိန်လောက်မှာ အခမ်းအနား စကျင်းပတာပါ။ America United စည်းလုံးညီညွတ်တဲ့ အမေရိကန်ဆိုတဲ့ ဆောင်ပုဒ်ကို သမ္မတသစ်ဂျိုးဘိုင်ဒန်က လက်ကိုင်ထားတာဖြစ်ပါတယ်။ နိုင်ငံရေးသဘောထားကွဲပြားမှုတွေကို ဖြေဖျောက်ဖို့ ရည်ရွယ်တာပါ။ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအတွက် အရေးအကြီးဆုံးနေ့တခုဖြစ်တဲ့ ဒီနေ့အခမ်းအနား ဘေးကင်းကင်းနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးနိုင်ဖို့ လုံခြုံရေးတွေ တင်းကြပ်ထားရတာပါ။ VOA သတင်းထောက် Mike O’Sullivan ပေးပို့ထားတဲ့သတင်းကို နန်းလောင်ဝ်က တင်ဆက်ထားပါတယ်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအကြို လုံခြုံရေးတင်းကြပ်
20 January 2021
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအကြို လုံခြုံရေးတင်းကြပ်