တရုတ်၌ ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာ၍ ပေကျင်းဝန်းကျင်၌ ကန့်သတ်ချက်များ ချမှတ် 

တရုတ်၌ ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာ၍ ပေကျင်းဝန်းကျင်၌ ကန့်သတ်ချက်များ ချမှတ် 

ဇန်နဝါရီ ၆ 

တရုတ်အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်လှိုင်းအသစ်ကို တားဆီးသည့်အနေဖြင့် ဘေကျင်းဝန်းကျင်ရှိ ဟဲဘေးပြည်နယ်ကို ဖြတ်သွားသော အဝေးပြေးလမ်းပိုင်းကြီးများကို ဇန်နဝါရီ ၆ ရက် ဗုဒ္ဓဟူးနေ့တွင်ပိတ်လိုက်ပြီး ပြည်နယ်မြို့တော် ရှီးကျားကျွမ်းတွင်လည်း လူစုလူဝေး ပြုလုပ်ခြင်းကို တားမြစ်လိုက်သည်။

ဟဲဘေးပြည်နယ်တွင် အင်္ဂါနေ့က ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၃ ဦးရှိခဲ့သည်။ ကူးစက်ခံရသူများအနက် ၄၃ ဦးမှာ ရောဂါလက္ခဏာမပြကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ 

ကူးစက်မှုအသစ်ပမာဏမှာ ကပ်ရောဂါဒဏ်အဆိုးဆုံးခံရချိန်ကနှင့်စာလျှင် နည်းပါးသော်လည်း တရုတ်သည် နောက်ထပ်ကူးစက်မှုလှိုင်းကို တားဆီးနိုင်ရန် စီမံချက်များ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၄ ၆၃၄ ဦးရှိပြီး တစ်ကမ္ဘာလုံးတွင် လူပေါင်း ၁.၈ သန်းထက်မနည်း သေဆုံးထားသည်။ 

မကြာသေးမီရက်များက ဒေသတွင်းကိုဗစ်-၁၉ ကူးစက်မှုအသစ်များတွေ့ရှိခဲ့သည့် လျောင်နင်ပြည်နယ်ရှိ ဒါလီယန်မှ အာဏာပိုင်များသည် အန္တရာယ်အလယ်အလတ်နှင့် မြင့်မားသော ဧရိယာရှိ ပြည်သူများကို မြို့တွင်းမှ ထွက်ခွါခွင့်တားမြစ်ထားသည်။ 

ဒေသအာဏာပိုင်များသည် ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုဖြစ်ပွားသည့် ဒေသများတွင် ရောဂါစမ်းသပ်ခြေင်း၊ ကျောင်းများပိတ်ခြင်းနှင့် ခရီးသွားလာခွင့် ကန့်သတ်ခြင်း စသည့် စည်းကမ်းများ မကြာခဏ ပြလုပ်လေ့ရှိသည်။ 

တရုတ်အကောက်ခွန်အရာရှိများသည် ကိုရိုနာဗိုင်းရပ်စ်ကို ခြေရာခံရန်အတွက် သွင်းကုန်ပစ္စည်း ပုံမှန်စစ်ဆေးခြင်းကိုလည်း ဆောက်ရွက်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly