မြန်မာ့ ရေထွက်ကုန် ပစ္စည်းတွေကို အများဆုံးတင်ပို့ ရောင်းချ နေတဲ့ ထိုင်းနိုင်ငံထဲက မဟာချိုင် ငါးလေလံ ဈေးကွက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်း နိုင်ငံသားတွေ အပါဝင် မြန်မာရွေ့ပြောင်း အလုပ် သမားအများအပြား ကိုဗစ် ၁၉ ကူးစက်မှုမြင့်တက်ခဲ့ပါတယ်။ အဲဒီလို ရောဂါပိုးကူးစက်မှုမြင့်တက်ခဲ့တာကြောင့် ရောဂါ ကူးစက်မှုတွေကို ကာကွယ် ထိန်းချုပ်နိုင်ဖို့ အတွက် တနင်္သာရီတိုင်းထဲကနေ ထိုင်းနိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေတဲ့ မြိတ်ခရိုင်ထဲက မောတောင်နယ်စပ်ဂိတ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည်ကနေစပြီး ယာယီ ရပ်ဆိုင်း လိုက်ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရိုက်ကူး /တည်းဖြတ် /တင်ဆက် - ဒီမိုးသွေး (မြိတ်)