ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ ကော်မရှင် ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။
အဲ့ဒီလို သူနှုတ်ထွက်ခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်စာမျက်နှာတွေမှာ သူနဲ့ပတ်သက်တဲ့ သတင်းအမှားတစ်ခု ပျံ့နှံ့နေတာကို တွေ့ခဲ့ရပါတယ်။
အဲ့ဒီသတင်းအမှားကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့် ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက် တွေကြောင့် အရေးယူလို့ မရခဲ့တာကြောင့် အခုလိုနှုတ်ထွက်ရခြင်းဖြစ်တယ်ဆိုတဲ့ သတင်းပါ။ ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးမှာပါ။