COVID-19 ကပ်ရောဂါကြောင့် နှစ်လခွဲကျော်ပိတ်ထားခဲ့ရသည့် ကနညရုံးများတွင် ကနဦးယာဉ်မှတ်ပုံတင် လုပ်ငန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး မှုဦးစီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းများကို ကြိုတင်ရက်ချိန်းယူ Online Booking စနစ်ဖြင့် ပုံမှန်ရုံးချိန်အတွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ရွာသာကြီး၊ ထောက်ကြန့်တို့ရှိ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ရုံး လေးရုံးတို့တွင် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်