၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကမဲပေးတဲ့ အထွေထွေရွေးကောက်ပွဲတွေထဲမှာ ကန့်ကွက်လွှာတင်သွင်းမှု အများဆုံး ရွေးကောက်ပွဲ ဖြစ်ဖွယ်ရှိတယ်လို့ စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် Website မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ကန့်ကွက်လွှာ လျှောက်ထားမှု ၂၉ မှု ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၄၅ မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တည်းဖြတ် - သန့်ဇင်ဦး
တင်ဆက် - အုပ်မှူးဇော်
သတင်း - စိုးသူအောင်