ယခုဘောလုံးရာသီအတွက် ဘာစီလိုနာအသင်းရဲ့ လစာပမာဏဟာ ယူရိုသန်း ၃၀၀ နီးပါး လျှော့ချလိုက်ကြောင်း လာလီဂါရဲ့ စပိန်ကလပ်အသင်းတွေအတွက် အသုံးစရိတ်ကန့်သတ်မှုစာရင်းအရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်ကပ်ဘေးဟာ စပိန်ရဲ့ ထိပ်တန်းအသင်းတွေအပေါ် စီးပွားရေး ထိခိုက်မှုများစွာရှိပြီး ဘာကာဟာ အဆိုးရွားဆုံး ထိခိုက်မှုတွေထဲက တစ်သင်းဖြစ်ပါတယ်။
၂၀၂၀-၂၁ ရာသီအတွက် သူတို့ရဲ့ လုပ်ခလစာဖြတ်တောက်မှုဟာ ပြီးခဲ့တဲ့ရာသီက ယူရို ၆၇၁.၄ သန်းရှိရာကနေ ယူရို ၃၈၂.၇ သန်းအထိ ကျင်ဆင်းသွားမှာဖြစ်ပါတယ်။ သူတို့ဟာ လာလီဂါမှာ အမြင့်မားဆုံး လစာကန့်သတ်မှုဖြစ်ခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ကတော့ ယူရို ၆၄၁ သန်းကနေ ယူရို ၄၆၈.၅ သန်းအထိ လျှော့ချနိုင်ခဲ့ပေမယ့်လည်း သူတို့ဟာ ယခုဘောလုံးရာသီမှာ ဘတ်ဂျက်ငွေအများဆုံးရှိပါလိမ့်မယ်။
အက်သလက်တီကိုမက်ဒရစ်ဟာ ယူရို ၁၃၁.၈ သန်းအထိ လျှော့ချပြီး လုပ်ခလစာ ယူရို ၂၅၂.၇ သန်း ပေးချေရမှာဖြစ်ပါတယ်။ ဒါဟာ မြို့ခံပြိုင်ဘက် ရီးယဲလ်လုပ်ခလစာရဲ့ တစ်ဝက်နီးပါးခန့် သုံးစွဲတာဖြစ်ပါတယ်။
လာလီဂါရဲ့ ပထမတန်း ကလပ်အသင်း ၂၀ ဟာ ယခုရာသီမှာ လုပ်ခလစာအတွက် စုစုပေါင်း ယူရို ၂.၃၃ ဘီလီယံ သုံးစွဲနိုင်ပြီး ဒါက ယူရို ၆၁၀ သန်းအထိ လျော့ချခဲ့တာဖြစ်ပါတယ်။
ပထမတန်းနဲ့ ဒုတိယတန်းက အသင်း ၄၂ သင်းကို ဘဏ္ဍာရေးတည်ငြိမ်မှု ဆောင်ကြည်းပေးနိုင်ဖို့ စပိန်မှာ လစာခွဲဝေမှုကို ကစားသမားတွေ၊ နည်းပြတွေနဲ့ အကယ်ဒီကစားသမားတွေအတွက် သုံးစွဲနိုင်ပါတယ်။
စပိန်က သတင်းတွေအရ ဘာစီလိုနာဟာ သူတို့ရဲ့ ကစားသမားတွေအတွက် နောက်တစ်ကြိမ် လစာလျှော့ချရေး အစီအစဉ်ကို စေ့စပ်ညှိနှိုင်းနေပြီးဖြစ်သလို ရီးယဲလ်မက်ဒရစ်ကလည်း လစာလျှော့ချဖို့ စတင်ညှိနှိုင်းနေပြီလို့ သိရပါတယ်။
ကလပ် နှစ်သင်းစလုံးဟာ ကွင်းဝင်ကြေး၊ ပြတိုက်နဲ့ ကလပ်အရောင်းဆိုင်တွေရဲ့ ဝင်ငွေတွေအပေါ် အများကြီး မှီခိုရတာဖြစ်ပြီး ဒီကပ်ရောဂါကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
ဘာစီလိုနာဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆွာရက်ဇ်၊ ဗီဒဲယ်နဲ့ ရာကီတစ်တို့ကို ထွက်ခွာခွင့်ပြုခဲ့ပြီး ဒမ်ဘီလီကိုလည်း ရောင်းချဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကစားသမားသစ် မခေါ်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။
© Agence France-Presse