နိုဝင်ဘာ ၈ရက်နေ့ကစလို့ တစ်ပတ်အတွင်း ထွက်ရှိခဲ့တဲ့ သတင်းအမှားတွေထဲက ကျန်ရှိနေတဲ့ အချို့ကို ဆက်လက်တင်ဆက်ပေးပါမယ်။
ဒီတစ်ခါမှာတော့ မန္တလေးတိုင်းဒေသကြီးအတွင်းထဲက မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ပြန်ရရှိတယ်ဆိုတဲ့ သတင်းအမှားကိုတင်ဆက်ပေးချင်ပါတယ်။
မိတ္ထီလာမြို့နယ်နဲ့ ရမည်းသင်းမြို့နယ်တွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLDပါတီအနိုင်ရရှိခဲ့တဲ့နေရာ တွေဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၃နေရာစလုံးကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် USDP ကအဲ့နေရာတွေမှာ ပြန်အနိုင်ရရှိသွားပါတယ်ဆိုပြီး အခုလို သတင်းအမှားတွေထွက်ပေါ်ခဲ့ပါတယ်။
ဆုမြတ်မေဇော်ရဲ့ တင်ဆက်မှုကို ရှုစားကြရအောင်ပါ။
Misinformation Busters episode 28 segment 3