အခုတခေါက် ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ အမေရိကန်ပြည်ထောင်စုထဲက အထင်ကရ ပြတိုက်ကြီးတခုဆီကို သွားရပါမယ်။ The Met လို့ အတိုကောက်ခေါ်ကြတဲ့ New York မြို့က အနုပညာပြတိုက်ကြီးမှာ ကမ္ဘာတဝန်းက ထူးခြားတဲ့ အနုပညာလက်ရာတွေကို လေ့လာနိုင်ဖို့ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။