အောက်တိုဘာ ၉ ၊ ၂၀၂၀
တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့ အရှေ့တောင်ဘက်ရှိ အထပ်မြင့်အဆောက်အဦးတစ်ခု သောကြာနေ့က ကိုးနာရီကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးခိုးငွေ့ရှုသွင်းမိ၍ အနည်းဆုံးလူပေါင်း ၈၈ ဦးကို ဆေးရုံတင် ထားရပြီး မီးသတ်သမားများမှာလည်း မီးငြိမ်းရန်အတော်ပင်ရုန်းကန်ခဲ့ကြရသည်။
အူလ်ဆန်ရှိ လူနေနှင့်လုပ်ငန်းများထားရှိရာဆမ်ဟွန် အတ်တ် နူဗိုး အဆောက်အဦး၏ ၃၃ ထပ်တွင် ကြာသပတေးနေ့ည ၁၁ နာရီခန့်က မီးစတင်လောက်ကျွမ်းပြီး လေပြင်တိုက်ခတ်ရာက အဆောက်အဦတစ်ခုလုံးကိုပါ ကူးစက်သွားခဲ့သဖြင့် ရာပေါင်းများစွာသောလူများကို အဆောက်အဦးအပြင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ရသည်ဟု ဆိုးလ်အခြေစိုက် ယွန်ဟက်ပ် သတင်းက ပြောသည်။