ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်ကထောင်သောင်းချီတဲ့ စိတ်ဝေဒနာရှင် ကလေးတွေ၊ အမျိုးသမီးနဲ့ အမျိုးသားတွေ သံကြိုးတုပ်ပြီး ထိန်းချုပ်ခံထားကြရတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့် ကြည့်ရေး အဖွဲ့ HRW ရဲ့နောက် ဆုံးအစီရင် ခံစာမှာဖော်ပြထားပါတယ်။ စိတ်ကျန်းမာရေးအသိပညာပေးမှုနဲ့ မိသားစုနဲ့ အဖွဲ့အစည်းတွေရဲ့ထောက်ပံ့ ကူညီမှုမရကြတဲ့ ဒေသတွေမှာ သူတို့ဟာ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခံထားရတာ ဖြစ်တယ်လို့ ပြောထားတာပါ။ နေရာကျဉ်းကျဉ်းလေးတခုမှာ စိတ်ဝေဒနာသည်တွေကို ထည့်ပြီးချုပ်နှောင် ထားပြီး သူတို့ဟာ အဲဒီနေရာမှာပဲ စားဖို့အိပ်ဖို့နဲ့ ကျင်ကြီးကျင်ငယ်စွန့် တာတွေပါ လုပ်ကြရတယ် လို့ ဖော်ပြထားပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါ တယ်။